International Information Security Cyber Championship သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ခြင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Ministry of Digital Development, Communications and Mass Media နှင့် Rostelecom PJSC တို့မှ ပူးတွဲကျင်းပသော "International Information Security Cyber Championship" သို့ မြန်မာနိုင်ငံမှ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များက ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ပြိုင်ပွဲကျင်းပသူများက ဖိတ်ကြားလာပါသည်။
ပြိုင်ပွဲဝင်တစ်သင်းလျှင် ပြိုင်ပွဲဝင် အနည်းဆုံး ၃ ဦးမှ ၅ ဦးထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လက်ရည်စစ်ပွဲအဆင့် (Qualifying Stage) ကို ၆-၆-၂၀၂၃ ရက်နေ့တွင် အွန်လိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသော အသင်း ၃ သင်းသည် ၁၅-၆-၂၀၂၃ ရက်နေ့တွင် "St. Petersburg International Economic Forum" ကျင်းပစဉ်အတွင်း နောက်ဆုံးအဆင့် (Final Stage) ကို ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုပါက https://cybermir.ru/en/cyberchampionship/ တွင် Register ပြုလုပ်ရန် လိုအပ်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက cyberchampionship@cybermir.ru သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။