Skip to main content

Official website of the Myanmar Cyber Emergency Response Team

၁။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ (စနေနေ့)တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် Myanmar Cyber Security Challenge 2023 ပြိုင်ပွဲ (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ထက် နောက်မကျစေဘဲ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင်လာရောက်ပေးပို့၍ဖြစ်စေ၊ ctf@ncsc.gov.mm သို့ အီးမေးလ်ဖြင့်ဖြစ်စေ အချိန်မီ ပေးပို့ရမည် ဖြစ်ပါသည်။

၃။ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရပါက သက်ဆိုင်ရာပြိုင်ပွဲဝင်အသင်းခေါင်းဆောင်ထံ ဩဂုတ်လ ၂ ရက်နေ့တွင် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး ၂ ရက်တာ တည်းခိုနေထိုင်ရန်နှင့် အသွား/အပြန် ခရီးစရိတ်များအား စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့၏ ပြိုင်ပွဲဝင်လျှောက်လွှာများကို ပေးပို့ပါရန်နှင့် ပြိုင်ပွဲနှင့် ပတ်သက်၍ မေးမြန်းလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းပါရန် အသိပေးနှိုးဆော်အပ်ပါသည်။