Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          Chief Information Officer (CIO) များ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ကျင်းပသော Workshop on Cyber Security in Myanmar အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး နှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dr. Sato Yukari တို့တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ 

1
          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လွှတ်တော်(၃)ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ CIO များ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့သည်။

2
          အလုပ်ရုံဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၊ MIC မှ Mr. Taro Hashimoto က “Cyber Security Policy in Japan” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ JICA မှ Mr. Hiroto Yamazaki က “Technical Cooperation in Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက “Current Cyber Security Status and Challenges in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ Fujitsu မှ Mr. Tatsuya Kawahara က “Introduction to Cyber Security Trend and Fujitsu Initiatives” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ NEC Corporation မှ Ms. Miho Naganuma က “NEC’s Approach to Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။


 

3

 

standard