Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ “Safe ICT Services” စကားဝိုင်းအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တက်ရောက်အမှာစကား ပြောကြားရာတွင် ICT- Information & Communication Technology ဝန်ဆောင်မှုကို စိတ်ချစွာ အသုံးပြုနိုင်ရေးနှင့် တိုးတက်ကောင်းမွန်လာစေရေးသည် နိုင်ငံတော်၏ Digital Economy ဆောင်ရွက်ရေးအတွက် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေရမှာဖြစ်ကြောင်း၊ e-Government သည် နိုင်ငံတော်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသလို ဆိုက်ဘာလုံခြုံရေးသည်လည်း အထူးအရေးကြီးလာပါကြောင်း၊ သတင်းမှားများ၊ ဆိုက်ဘာအလွဲသုံးမှုများ၊ ဆိုက်ဘာမှုခင်းများကို တားဆီးကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေများပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်သွားရန် လိုအပ်သလို တစ်ဖက်ကလည်း နည်းပညာဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊ ဆောင်ရွက်နေသည့် ICT ဝန်ဆောင်မှုများကို ပကတိ အခြေအနေများအပေါ် အခြေခံပြီး မှန်မှန်ကန်ကန် သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် ရေရှည်တည်တံ့ပြီး အမှီအခိုကင်းသည့် ICT Services နှင့် e-Government Solution ကောင်းများ ပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၎င်းအပြင် ICT Services များ အသုံးပြုရာတွင် ထုတ်ပြန်ထားသော Standard Operating Procedure (SOP) များနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် နည်းပညာနှင့်အတူ လိုက်ပါ ဆောင်ရွက်နိုင်ရန်အတွက် လူ-ပစ္စည်း-နည်းပညာ တို့ ဟန်ချက်ညီစွာ တိုးတက်ရန် လိုအပ်ပါကြောင်း၊ အရေးအကြီးဆုံးအနေဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့မှ သတင်းအချက် အလက်နည်းပညာအရာရှိချုပ် (Chief Information Officer – CIO) များနှင့် လက်ထောက် သတင်းအချက်အလက်နည်းပညာ အရာရှိချုပ် (Assistant Chief Information Officer – ACIO) များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

 

gallery