အဓိကအကြောင်းအရာသို့ သွားမည်

မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (mmCERT) ၏ တရားဝင် Website

          မိမိ လက်ရှိ အသုံးပြုနေသော Computer မှာ Virus ကူးစက်ခံနေရပြီလား။ Error Messages တွေရော မကြာခဏ လက်ခံ ရရှိနေပြီလား။ ထိုကဲ့သို့ ဖြစ်ပေါ်မှုများသည် ကမာဘ တစ်ဝှမ်းလုံးတွင်ရှိသော Computer အသုံးပြုသူ Users တိုင်းလိုလို ကြုံတွေ့နေရသော ပြဿနာပင် ဖြစ်ပါသည်။

 

          ထိုကဲ့သို့ Virus ကူးစက်ခံရခြင်းကြောင့် မိမိစက်ထဲရှိ အရေးကြီးသော Data များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများနှင့် ကြုံတွေ့လာကြရပါသည်။ ထို့ကြောင့် မိမိ၏ Computer ကို Viruses နှင့် အခြား Malware များကူးစက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်သင့်သော အချက်များကို အောက်တွင် ဖော်ပြထားပါသည်။

          ပထမဦးစွာ Virus ကူးစက်ခံရသည့် နည်းလမ်းများထဲမှ တစ်ခုမှာ E-mail မှ ကူးစက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် Virus ကူးစက်ခံရမှုကင်းဝေးစေရန် အတွက် မိမိ၏ Contact Lists တွင်ရှိသော ယုံကြည်ရသောနေရာမှ လာသော E-mail များကိုသာ ဖွင့်ဖတ်သင့်ပါသည်။ မိမိက Private email host (eg- Gmail, Yahoo, Hotmail) များကို အသုံးပြုမည် ဆိုလျှင်လည်း Spam Filter ဖြင့်သာ အသုံးပြုသင့်ပါသည်။ ထို့အပြင် မယုံကြည်ရသောနေရာမှ လာသော E-mail များတွင် ပါဝင်သော Link များကို မည်သည့် အခါမှ မနှိပ်သင့်ပါ။


http://103.89.49.21/sites/default/files/inline-images/protect_Virus_3.jpg
          နောက်ထပ် Virus များကို လျှင်မြန်စွာ ကူးစက်စေနိုင်သော နည်းလမ်းတစ်ခုမှာ USB/pen drives များကို အသုံးပြုခြင်း မှဖြစ်ပါသည်။ ထို့ကြောင့် USB/pendrives များကို အသုံးပြု၍ data များကို copy မကူးယူခင် အရင်ဆုံး Virus Scan စစ်ပြီးမှသာ အသုံးပြုသင့်ပါသည်။ ထို့အပြင် pen drive ကို ဖွင့်ရာတွင်လဲ မည်သည့် အခါမှ Double Click ကို သုံး၍ မဖွင့်သင့်ပါ။ ၎င်း အစား Right-Click မှ Open Option ကိုသာ အသုံးပြု၍ ဖွင့်သင့်ပါသည်။

          ထိုကဲ့သို့ နည်းလမ်းကို အသုံးပြုခြင်ဖြင့် pen drive ဖွင့်ရာတွင် Safe ဖြစ်စေနိုင်ပါသည်။


http://103.89.49.21/sites/default/files/inline-images/protect_Virus_4.jpg

          MS Outlook ကိုအသုံးပြုရာတွင်လည်း ဂရုပြု၍ အသုံးပြုသင့်ပါသည်။ မိမိစက်တွင် Antivirus Program ကို အသုံးပြု မထားဘူး ဆိုလျှင် MS Outlook သည် အခြား E-mail Program များထက်ပို၍ Worms ဖြစ်နိုင်ခြေ ပိုများသောကြောင့် ဖြစ်ပါသည်။

          ယခုအခါ မိမိတို့ သိရှိလိုသည်များကို Search Engine များ (ဥပမာအားဖြင့် Google) အသုံးပြု၍ ရှာဖွေရာတွင် Malicious Website List များလည်း ရောနှော၍ ပါဝင်နေတက်ပါသည်။ ထိုကဲ့သို့ မယုံကြည်ရသော Untrusted Malicious Website များကို ရှောင်ကြဥ်ရန်အတွက် AVG LinkScanner ကဲ့သို့သော Scanner ကို Install ပြုလုပ်ထားသင့်ပါသည်။ ၎င်း Tool ကို Install ပြုလုပ်ထားခြင်းဖြင့် Malicious Website များကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

http://103.89.49.21/sites/default/files/inline-images/protect_Virus_5.jpg

          ဆက်လက်၍ Virus များကို ကာကွယ်ရန် အတွက် Antivirus Software Install ပြုလုပ်ခြင်း နှင့် Update ပြုလုပ်ခြင်း တို့ကို အမြဲ ပြုလုပ်သင့်ပါသည်။ ထို့အပြင် Automatic Update Feature ကို on ထားသင့်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် Virus ကို ကာကွယ်ရန်အတွက် အရေးကြီးသော ပြုလုပ်သင့်သည့် အချက် ပင်ဖြစ်ပါသည်။ Antivirus Program အများစုတွင် Auto-protect feature ရရှိနိုင်ပါသည်။ ၎င်း Feature သည် မိမိ PC အတွက် Real-time security ကို ထောက်ပံပေးနိုင်မည် ဖြစ်ပါသည်။
http://103.89.49.21/sites/default/files/inline-images/protect_Virus_6.jpg
          Antivirus ထားရှိခြင်းသည် computer အတွက် အလွန် အရေးကြီးသော အပိုင်းပင် ဖြစ်ပါသည်။ ပို၍ လည်း လုံခြုံစေနိုင်ပါသည်။ အောက်တွင် အသုံးများသော Antivirus အချို့ကို ဖော်ပြထားပါသည်။ ၎င်းတိုမှာ -

• Norton
• McAfee
• Kasperky
• Viper
• Eset
• Avast
• AVG တို့ ဖြစ်ပါသည်။


http://103.89.49.21/sites/default/files/inline-images/protect_Virus_7.jpg
          မယုံကြည်ရသော Source များမှ လာသော E-mail attachment များကို ဘယ်သောအခါမှ မဖွင့်ပါနှင့်။ အကယ်၍ Safe ဖြစ်သည်ဟု ယူဆ၍ ဖွင့်မည် ဆိုလျှင်လည်း မဖွင့်မီ Virus Scan နှင့် စစ်ပြီးမှသာ ဖွင့်ဖတ်သင့်ပါသည်။ ထို့အတူပင် Disk များကို ဖွင့်ရာတွင်လည်း ပထမဦးစွာ Virus Scan ဖြင့် စစ်ဆေးပြီးမှသာ Run သင့်ပါသည်။

http://103.89.49.21/sites/default/files/inline-images/protect_Virus_8.jpg
          မိမိစက်၏ Windows update တွင် Patch များ၊ Upgrade များကို Automatic download ပြုလုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ ပြုလုပ်ထားခြင်းဖြင့် Operation System နှင့် Internet Explorer တို့အတွက် လိုအပ်သော Update များကို Auto Download ပြုလုပ်နိုင်သောကြောင့် Security hole များကို fix ပြုလုပ်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် file များကို အမြဲ Back-up ပြုလုပ်ထား သင့်ပါသည်။

http://103.89.49.21/sites/default/files/inline-images/protect_Virus_9.jpg

          Double Extension (e.g .jpg.bat) များဆိုလျှင် စစ်ဆေးသင့်ပါသည်။ စစ်ဆေးရန်အတွက် Control panel ထဲမှ Folder Option ကိုသွား၍ hidden လုပ်ထားသော File Type ကို စစ်ဆေး သင့်ပါသည်။

http://103.89.49.21/sites/default/files/inline-images/protect_Virus_10.jpg

Reference:

http://www.techomag.com/12-tips-to-maintain-a-virus-free-computer/

http://www.wikihow.com/Make-Your-Computer-Virus-Free

 

PDF File