- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
ယနေ့ခေတ်တွင် Wireless LAN Technology ကို Laptopများ၊ Tablet များနှင့် တခြား Moblile Phone များမှ ၎င်းတို့အချင်းချင်း ချိတ်ဆက်ရာတွင် သာမက Internet သို့ချိတ်ဆက်ရာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါသည်။ ထို့ကြောင့် Hotel၊ Café နှင့် တခြားသော Public Area များရှိ Open Wi-Fi System များမှ Internet ကို အဆင်ပြေစွာ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Wi-Fi Technology ကို အသုံးပြုခြင်းကြောင့် ကောင်းကျိုးများရှိသလို အားနည်းချက်များလည်း ရှိပါသည်။ ထို့အတွက်ကြောင့် အောက်တွင် ၎င်းကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်နိုင်သော Advantage နှင့် Disadvantage များကို ဖော်ပြထားပါသည်။
The Advantages of a Public Wi-Fi System
- Convenience – Hotel, Airport, Coffee Shop, Library နှင့် တခြားသော Convenient Location များတွင် Personal (သို့မဟုတ်) Business အလုပ်များကို လုပ်ဆောင်နိုင်ရန်အတွက် Internet Access ကို Public Wi-Fi wireless Technology ဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
- Mobility – Public Wireless Network များအသုံးပြုနိုင်ခြင်းကြောင့် အသုံးပြုသူများသည် ၎င်းတို့၏ Work Environment မဟုတ်သော နေရာများတွင်လည်း Internet Access ကို ရယူအသုံးပြုနိုင်ပါသည်။ ထိုသို့ ပြုလုပ်နိုင်ခြင်းကြောင့် Flexibility နှင့် Efficiency တို့တွင် များစွာ အထောက်အကူဖြစ်စေပါသည်။
- Increased Productivity – Employee များသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို Office ၏အပြင်ဖြစ်သော တခြားသော Convenient Location များမှလည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းသည် လုပ်ငန်း၏ Productivity Level ကို မြင့်တက်စေသည်ဟု Business လုပ်ငန်းများမှ မှတ်ယူထားပါသည်။
- Deployment – Wireless Technology မရှိခင် ရက်များတွင် Internet User များသည် Online Connection များကို Access ရရှိရန် Physical Cableများ အသုံးပြုရပါသည်။ ယခုအခါတွင်တော့ Wireless Network အတွက် Single Access Point သာလိုအပ်ပါသည်။
- Costs and Expandability – Public Wi-Fi ကိုချိတ်ဆက်ရာတွင် Cost သည် various Factor များပေါ်တွင် မူတည်နေပါသည်။ ဥပမာအားဖြင့် တစ်ချို့သော ဟိုတယ်များ၊ Coffee Shop များနှင့် Library များတွင် Connection ကို Free ပေးထားတတ်ကျပါသည်။
The Disadvantages of a Public Wi-Fi System
- Low-Level Security – Public Wi-Fi Connection သည် User အများကြီးမှ တစ်ချိန်တည်းတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့်အတွက် Compromise ဖြစ်ရန်လွယ်ကူပြီး ၎င်းကို အသုံးပြု ချိတ်ဆက်သော လူတိုင်းတွင် ထိခိုက်မှု ရှိစေနိုင်ပါသည်။ ထို့အတွက်ကြောင့် သင်၏ Password၊ Bank Account Number များ နှင့် သင့်စက်၏ Share Folder များကို တစ်ခြားသူများမှ ကြည့်ရှုနိုင်မည်၊ သိနိုင်မည် ဖြစ်ပါသည်။
- Reliability – Radio Frequency ပေါ်တွင် Transmit ပြုလုပ်သည့်အတွက် Wireless Network System တွင် များစွာသော Interference များ ရှိနိုင်သည့်အတွက် Network Administrator ၏ ထိန်းချုပ်မှုကို ကျော်လွန်ပြီး ရှုပ်ထွေးမှုများ ပေါ်ပေါက်နိုင်ပါသည်။
- Speed – Public Wi_Fi Network ကို အသုံးပြုသည်မှာ သင်တစ်ဦးတည်း မဟုတ်သည့်အတွက် Standard Wireless Network အများစုမှ ရနိုင်သော Network Speed မှာ 1 မှ 54Mbps အတွင်းဖြစ်သည့်အတွက် သင်၏ Device များ လုပ်ဆောင်မှုသည် Slow ဖြစ်နိုင်သည်။
Reference:
http://blog.scorpionsoft.com/blog/2013/12/public-wi-fi-friend-or-foe.html
http://www.logicbuy.com/features/7-disadvantages-of-using-public-wifi-and-public-wifi-solutions
http://www.zdnet.com/article/hidden-dangers-of-free-public-wifi/
http://lawyertechreview.com/2012/are-public-wifi-networks-safe/
http://digitalwalt.com/wi-fi-advantages-disadvantages/
