- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
ထိုင်းနိုင်ငံ National Cyber Security Agency of Thailand (NCSA) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်မှုအရ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းက ဝင်ရောက်ယှဉ်ပြိုင်ပြိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် မောင်ဇေယျာထက်၊ မောင်ကောင်းမင်းမြတ်၊ မောင်စည်သူအောင်နှင့် မောင်မြတ်မင်းခန့်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲဝင် အသင်း ၁၀ သင်းအနက် အဆင့် ၈ ရရှိခဲ့ကြောင်း သိရှိရသည်။
Cyber SEA Game ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အသင်းအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အဆင့် ၈ နှင့် အဆင့် ၁၂၊ ၂၀၁၇ ခုနှစ်တွင် အဆင့် ၆၊ ၂၀၁၈ ခုနှစ်တွင် အဆင့် ၆၊ ၂၀၁၉ ခုနှစ်တွင် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၆၊ ၂၀၂၁ ခုနှစ်တွင် အဆင့် ၇၊ ၂၀၂၂ ခုနှစ်တွင် အဆင့် ၈ နှင့် ၂၀၂၃ ခုနှစ်တွင် အဆင့် ၈ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။
standard
