အဓိကအကြောင်းအရာသို့ သွားမည်

မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (mmCERT) ၏ တရားဝင် Website

Submitted by myatthazinmon on

             မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုက်ဘာစီးတီး၌ ၂၇-၂-၂၀၂၆ ရက်နေ့မှ ၂၈-၂-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Digital Myanmar Forum and Exhibition တွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေဖြင့် Cyber Security Quiz and Demonstration ပြခန်းအား ပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ပြခန်းအား  အများပြည်သူအကြား ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သော အခြေခံဗဟုသုတများ တိုးပွား လာစေရန်၊ ဆိုက်ဘာခြိမ်းခြောက်မှုခံရပါက အခြေခံဖြေရှင်းရမည့် နည်းလမ်းများကို သိရှိ နိုင်စေရန်နှင့် ဆိုက်ဘာလုံခြုံရေး အသိပညာတိုးပွားလာခြင်းမှတစ်ဆင့် ဆိုက်ဘာခံနိုင်ရည် ရှိမှုကို မြှင့်တင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြသခဲ့ခြင်း ဖြစ်ပါသည်။

''

 

 

 

 

standard