- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
Apache Software Foundation သည် Apache HTTP Server ၏ HTTP/2 module (mod_http2) တွင်ရှိသော အန္တရာယ်မြင့်မားသည့် လုံခြုံရေးအားနည်းချက်ကို ဖြေရှင်းရန် အတွက် လုံခြုံရေး Update ကို ထုတ်ပြန်လိုက်ပါသည်။
အဆိုပါအားနည်းချက်သည် Apache HTTP Server ၏ HTTP/2 လုပ်ဆောင်မှုအတွက် အသုံးပြုသည့် “mod_http2” module တွင် Thread-Safety ပြဿနာကြောင့် Heap Memory Corruption ဖြစ်ပေါ်စေနိုင်ပြီး Remote Code Execution (RCE) လုပ်ဆောင်နိုင်အတွက် အရေးကြီးသော လုံခြုံရေးအားနည်းချက် CVE-2026-119618 အဖြစ် သတ်မှတ်ထားပါသည်။ ၎င်းကို CVSS v3.1 အရ Red Hat က 9.8 (Critical) ဟုလည်းကောင်း၊ NIST National Vulnerability Database (NVD)က 8.1 (High) ဟုလည်းကောင်း သတ်မှတ်ထားပါသည်။
သက်ရောက်မှုများ
အဆိုပါအားနည်းချက်ကို အသုံးချ၍ တိုက်ခိုက်သူများသည် အထူးပြုပြင်ဖန်တီးထား သော HTTP/2 Request များ ပေးပို့ခြင်းဖြင့် ခွင့်ပြုချက်မလိုဘဲ အဝေးမှတစ်ဆင့် တိုက်ခိုက်နိုင်ပြီး Server ကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် Remote Code Execution (RCE) လုပ်ဆောင်နိုင်ခြင်း၊ အချက်အလက်များ ရယူခြင်းနှင့် ဝန်ဆောင်မှုများ ပြတ်တောက်စေခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါသည်။
ထိခိုက်နိုင်သော Product များ
Apache HTTP Server versions 2.4.55 through 2.4.70
Standalone mod_h2 versions 2.0.8 through 2.0.42
အကြံပြုချက်များ
Apache HTTP Server ကို 2.4.71 သို့မဟုတ် နောက်ပိုင်း Version သို့ အမြန်ဆုံး အဆင့်မြှင့် တင်ရန်။
ချက်ချင်း Update ပြုလုပ်ရန် မဖြစ်နိုင်ပါက HTTP/2 (h2 or h2c) ကို ယာယီပိတ်ထားပြီး HTTP/1.1 ကိုသာ အသုံးပြုရန်။
“mod_http2” Module နှင့် “Protocols” Configuration များကို စစ်ဆေးရန်။
Web Server Access Logs နှင့် Error Logs များကို စစ်ဆေး၍ သံသယဖြစ်ဖွယ် HTTP/2 Request များနှင့် ပုံမှန်မဟုတ်သော လုပ်ဆောင်မှုများ ရှိ၊ မရှိ စောင့်ကြည့်ရန်။
အဆိုပါ အားနည်းချက်ကြောင့် ထိခိုက်နိုင်သည့် Internet-facing Web Server များကို သက်ရောက်မှုရှိ-မရှိ ဦးစားပေး စစ်ဆေးရန်။
ကိုးကားချက်
Apache HTTP Server Security Vulnerabilities:
https://httpd.apache.org/security/vulnerabilities_24.htmlRed Hat Security Bulletin – RHSB-2026-017:
https://access.redhat.com/security/vulnerabilities/RHSB-2026-017NIST National Vulnerability Database:
https://nvd.nist.gov/vuln/detail/CVE-2026-119618ThreatDefence – Apache CVE-2026-119618 HTTP/2 RCE: Patching and Hunting:
https://threatdefence.com/article/apache-http-server-cve-2026-119618-http2-rce-patching-hunting
