ဟက်ကာများသည် Windows နှင့် Android တို့တွင် malware ဖြန့်ဝေရန် သို့မဟုတ် သံသယမဝင်သေးသည့်သူများကို phishing စာမျက်နှာများသို့ ရောက်သွားစေရန်အတွက် OpenAI မှထုတ်ဝေသည့် ChatGPT chatbot ၏ လူကြိုက်များမှုကို အသုံးချနေပါသည်။
ChatGPT ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်သုံးစွဲနိုင်ကတည်းက ကြီးမားသောဆွဲဆောင်မှု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်ဖြင့် ခေတ်သစ်သမိုင်းတွင် သုံးစွဲသူများ လျင်မြန်စွာ တိုးပွားလာသော application တစ်ခု ဖြစ်လာခဲ့ပါသည်။ (ဆက်လက်ဖတ်ရှုပါရန်)
News
ပါရီမြို့ဆင်ခြေဖုံးရပ်ကွက်ရှိ André-Mignot သင်ကြားရေးဆေးရုံသည် စနေနေ့ညနေပိုင်း က ဖြစ်ပွားခဲ့သည့် ransomware တိုက်ခိုက်မှုကြောင့် ၎င်း၏ဖုန်းနှင့် ကွန်ပျူတာစနစ်များကို ပိတ်ပစ်ခဲ့ရသည်။ ဆေးရုံကြီးကြပ်ရေးဘုတ်အဖွဲ့၏တွဲဖက်ဥက္ကဌ Richard Delepierre ၏ ပြောစကားအရ အဆိုပါ ransomware တိုက်ခိုက်မှုနောက်ကွယ်မှ တိုက်ခိုက်သူများက ပြန်ပေးငွေကို တောင်းဆို ထားပြီး ဖြစ်သည်။
(ဆက်လက်ဖတ်ရှုပါရန်)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် တတိယအကြိမ်မြောက် Incident Handling - Intrusion Detection သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နေ့လယ်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။(ဆက်လက်ဖတ်ရှုပါရန်)
အစိုးရ၏ ကျောထောက်နောက်ခံပြု တရုတ်ဟက်ကာများသည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ၊ သုတေသနနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသို့ Google Drive တွင် သိမ်းဆည်းထားသော ကိုယ်ပိုင်အဖျက်အမှောက်ဆော့ဖ်ဝဲလ်များကို ပို့လွှတ်ရန် ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့ပါသည်။
သုတေသီများက ၂၀၂၂ ခုနှစ် မတ်လနှင့် အောက်တိုဘာလအကြားတွင် တိုက်ခိုက်မှုများကို စောင့်ကြည့်လေ့လာခဲ့ပြီး ၎င်းသည် ဆိုက်ဘာထောက်လှမ်းရေးအဖွဲ့ Mustang Panda (Bronze President, TA416) ဖြစ်သည်ဟု သတ်မှတ်ကြသည်။ (ဆက်လက်ဖတ်ရှုပါရန်)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း တတိယအကြိမ်မြောက် Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန/ဗဟိုအစိုးရ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပါသည်။ (ဆက်လက်ဖတ်ရှုပါရန်)
ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် အသက် ၁၈နှစ်အရွယ် ဟက်ကာတစ်ယောက်က HackerOne ထံတင်ပြထားသော လုံခြုံရေးအားနည်းချက်အစီရင်ခံစာများအား download လုပ်ခြင်းနှင့် ကုမ္ပဏီ၏အတွင်းပိုင်းစနစ်များ၊ အီးမေးလ် Dashboard နှင့် Slack ဆာဗာများကို screen ဖမ်းယူထားသောပုံများကို မျှဝေခဲ့ခြင်းကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခြင်းကို Uber အနေဖြင့် ကြုံတွေ့ခဲ့ရပါသည်။
ဆက်လက်ဖတ်ရှုပါရန်။
သုံးစွဲသူများ၏အချက်အလက်များကို ခိုးယူရန်အတွက် အမေရိကန်တွင်ရှိသော၎င်း၏စနစ်အချို့ တိုက်ခိုက်ခံရပြီးနောက် အီလက်ထရွန်းနစ်ကုမ္ပဏီကြီးဖြစ်သည့် Samsung က အချက်အလက်ပေါက်ကြားမှုကို ယနေ့တွင် အတည်ပြုလိုက်ပါသည်။ (ဆက်လက်ဖတ်ရှုပါရန်)

အာရှပစိဖိတ်ဒေသတွင်းရှိ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၏ ဆိုက်ဘာ တိုက်ခိုက်မှုများအား တုံ့ပြန်နိုင်မှု စွမ်းဆောင်ရည်များကို ဆန်းစစ်သည့်အနေဖြင့် အာရှ ပစိဖိတ်ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (APCERT) က နှစ်စဉ်ကျင်းပလျက်ရှိသည့် ဆိုက်ဘာလေကျင့်ခန်းကို မြန်မာနိုင်ငံအနေဖြင့်လည်း ယခင်နှစ်များကဲ့သို့ ပါဝင်လေ့ကျင့်ခဲ့သည်။ (ဆက်လက်ဖတ်ရှုပါရန်)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် Myanmar Cyber Security Challenge ပြိုင်ပွဲ(၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအစား အောက်တိုဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အဦ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများသည် ပြိုင်ပွဲဝင်လျှောက်လွှာကို အောက်ပါ Link တွင် Download လုပ်ယူနိုင်ပါသည်။ (ဆက်လက်ဖတ်ရှုပါရန်။)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် Incident Handling – Intrusion Detection (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (ဆက်လက်ဖတ်ရှုပါရန်)
