Skip to main content

Official website of the Myanmar Cyber Emergency Response Team

၁။       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၃ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ ဗီဒီယိုဖိုင်များအား ပြိုင်ပွဲဝင် လျှောက်လွှာများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ (သောကြာနေ့) ၁၆း၀၀ နာရီ မတိုင်မီ ပြိုင်ပွဲကျင်းပရေး ကော်မတီ ထံသို့ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ် အချက်အလက် များကို အောက်ပါ Link တွင် Download ရယူနိုင်ပါသည်-

https://www.ncsc.gov.mm/CAVC2023_RegistrationForm.pdf

https://www.ncsc.gov.mm/CAVC2023_Announcement.pdf

၂။       ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ တိုးတက်လာစေရန်၊ ကျောင်းသားများ အနေဖြင့် လက်ရှိဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာ စေရေး တွန်းအားပေးရန်၊ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ နိုင်ငံတွင်း လိုအပ်လာမည့် လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင် ပေးနိုင်စေရေးအတွက် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ လူငယ်များ၏ စိတ်ပါဝင်စားမှုအား မြှင့်တင်ရန်၊ ဒေသတွင်းနိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်သော အခွင့်အရေးများရရှိစေရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်နိုင်စေရန်နှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံ၊ Cyber Security Brunei က Online မှတစ်ဆင့် တာဝန်ယူ ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2023) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

၃။       ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ပထမဆု        – ငွေကျပ် (၁၅)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ခ)   ဒုတိယဆု       – ငွေကျပ် (၁၀)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ဂ)   တတိယဆု     – ငွေကျပ် (၇)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ဃ)    နှစ်သိမ့်ဆု      – ငွေကျပ် (၃)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(င)   နှစ်သိမ့်ဆု      – ငွေကျပ် (၃)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

၄။       ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၃ (တက္ကသိုလ်အဆင့်)တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၃ သို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

၅။       ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ ယှဉ်ပြိုင်မည့် ဗီဒီယိုဖိုင်များအား ပြိုင်ပွဲ ကျင်းပရေးကော်မတီထံသို့ အီးမေးလ်မှတစ်ဆင့် ဖြစ်စေ၊ CD/ DVD သို့မဟုတ် USB  တွင် ထည့်သွင်း၍ ဖြစ်စေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ (သောကြာနေ့) ၁၆း၀၀ နာရီ မတိုင်မီ ပေးပို့ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။