Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ "Incident Handling and CSIRT Management" သင်တန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ယနေ့ဖွင့်လှစ်ခဲ့ပါသည်။

          အဆိုပါသင်တန်းကို (၁၇-၂-၂၀၂၀)ရက်နေ့မှ (၂၁-၂-၂၀၂၀)ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်၊ ဦးစီးအရာရှိ ဒေါ်လဝန်းရည်၊ ဒေါ်အေးမြတ်သန္တာနှင့် ဒေါ်ရွှေဝတ်ရည်တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

          သင်တန်းတွင် Module (၅)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) - Advanced Persistent Threats၊ Module (2) - Incident Handling Process၊ Module (3) - Tools Explanation၊ Module 4 - Hands-on Exercise နှင့် Module (5) - CSIRT Management တို့ဖြစ်ကြပါသည်။

          အဆိုပါသင်တန်းကို လွှတ်တော်(၃)ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများမှ CIO/ ACIO များအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူ (၃၉)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

standard