Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ယူနိုက်တက်ကင်းဒမ်း၏ သတင်းအချက်အလက်ကော်မရှင်နာရုံး (ICO) သည် မြောက်အိုင်ယာလန်ရဲဌာန (PSNI) အား  အွန်လိုင်းပေါ်သို့ အမည်စာရင်းဇယားဖိုင် မှားယွင်းတင်မိခြင်းကြောင့်  တပ်ဖွဲ့ရှိ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များ ပေါက်ကြားစေမှုဖြင့် ဒဏ်ငွေ ပေါင် ၇၅၀,၀၀၀ (ဒေါ်လာ ၉၅၄,၀၀၀) ပြစ်ဒဏ်သတ်မှတ်ရန် ရည်ရွယ်ထားသည်။

          ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၌ PSNI က ၎င်းတို့သည် လွတ်လပ်စွာသတင်းရယူခွင့် (FOI) တောင်းဆိုချက်နှင့်ပတ်သက်၍ ဖြေကြားရာတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိများနှင့် ဝန်ထမ်းများနှင့်ပတ်သက်သည့် အောက်ပါအချက်အလက်များကို မတော်တဆ ထုတ်ဖော်မိခဲ့ကြောင်း  ကြေညာခဲ့သည် -

  • မျိုးရိုးအမည်များ
  • အတိုကောက်အမည်များ
  • အဆင့်များ
  • ရာထူးတာဝန်များ
  • နေရာများ

          ICO ၏ စစ်ဆေးသုံးသပ်ချက်အရ အဆိုပါကျိုးပေါက်မှုဖြစ်စဉ်သည် PSNI ၏ ဒေတာလုံခြုံရေးညံ့ဖျင်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကြားခံရသူ တစ်ဦးချင်းစီအတွက် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ဖြစ်စေခဲ့ကာ လုံးလုံးလျားလျား တားဆီးနိုင်မည်ဟု ယူဆသည်။  

          “မိမိတို့အနေဖြင့် မြောက်အိုင်ယာလန်ရဲဌာန (PSNI) အား ၎င်း၏ဝန်ထမ်းအားလုံး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ရန် ပျက်ကွက်မှုဖြင့် ပေါင် ၇ သိန်းခွဲအား ဒဏ်တပ်ရန် ရည်ရွယ်ထားကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။

          အဆိုပြုထားသော ဒဏ်ကြေးမှာ လွတ်လပ်စွာ သတင်းရယူခွင့်နှင့်ပတ်သက်ပြီး တုံ့ပြန်ဖြေကြားစဉ် “ဖျောက်ထားသော” Sheet Tab တစ်ခု၌ PSNI အရာရှိများနှင့် ဝန်ထမ်းများ စုစုပေါင်း ၉,၄၈၃ ဦး၏ မျိုးရိုးအမည်၊ အတိုကောက်အမည်၊ အဆင့်၊ ရာထူးတာဝန်များ ပါဝင်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို အွန်လိုင်းတွင် ထုတ်ပြန်မိခြင်းဖြစ်စဉ်နှင့် သက်ဆိုင်နေသည်။

          “မိမိတို့၏စုံစမ်းမှုအရ သတင်းအချက်အလက်အား ဘေးကင်းစွာ ထုတ်ဖော်ပြောကြားခြင်းနှင့်ပတ်သက်သည့် PSNI ၏ ရုံးတွင်းလုပ်ထုံးလုပ်နည်းများနှင့် လုပ်ရိုးလုပ်စဉ်များသည် လုံလောက်မှုမရှိသေးကြောင်း လောလောဆယ်တွင် တွေ့ရှိရသည်။”

          ICO ၏ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအရ များစွာသောတပ်ဖွဲ့ဝင်များသည် ၎င်းတို့အပေါ် ကျရောက်နိုင်သော အန္တရာယ်မှ ကာကွယ်ရန် ဌာနေသစ်များဆီသို့ ပြောင်းရွှေ့ခံလိုက်ရခြင်းနှင့် မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ရခြင်းတို့ကြောင့် ၎င်းတို့၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်များသည် လုံးလုံးလျားလျား ပြောင်းလဲခဲ့ရကြောင်း ဖော်ပြထားသည်။

          PSNI အနေဖြင့် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောဝန်ဆောင်မှုများပေးနေပြီး ငွေစာရင်းကန့်သတ်ချက်ဖြင့် လည်ပတ်နေရသည့် ပြည်သူ့ဝန်ဆောင်မှုပေးသော (အစိုးရ) အဖွဲ့အစည်းအဖြစ် ထည့်သွင်းစဉ်းစားကာ PSNI အပေါ် အဆိုပြုထားသောဒဏ်ကြေးသည် ကနဦး ဒဏ်တပ်ခံရမည့်ပမာဏဖြစ်သော ပေါင် ၅.၆ သန်း (ဒေါ်လာ ၇.၁ သန်း) ထက် အတော်ပင်နည်းပါးကြောင်း ကော်မရှင်နာမှ မှတ်ချက်ပြုသည်။

          ICO အနေဖြင့် FOI တောင်းဆိုမှုများကို ကိုင်တွယ်သည့်အခါ ဒေတာလုံခြုံရေးတိုးတက်မှုရှိစေရန် အကောင်အထည်ဖော်ရန် လိုအပ်သည့် ကနဦးသတိပေးချက်တစ်ခုကို PSNI အတွက် ပေးထားသည်။

          ICO ၏ဆောင်ရွက်ချက်အပေါ် PSNI က အပြုသဘောဖြင့် တုံ့ပြန်ခဲ့ပြီး ဒဏ်ကြေးပေးဆောင်ရန် သဘောတူကာ အကြံပြုထားသော အပြောင်းအလဲများအားလုံးကို ဆောင်ရွက်ရန် ကတိပြုခဲ့သည်။

          ဤကာလအတွင်း ၎င်းတို့၏ဝန်ထမ်းများအား မှုခင်းကြိုတင်ကာကွယ်ရေး အကြံဉာဏ်များ၊ အွန်လိုင်းပရိုဂရမ်များ၊ အိမ်တိုင်ရာရောက်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိခိုက်နစ်နာခဲ့ရသော အရာရှိများနှင့် ဝန်ထမ်းများ၏ ၉၀% သည်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်ပေးငွေ ပေါင် ၅၀၀ (၆၃၅ ဒေါ်လာ)ကို လက်ခံခဲ့ကြသည်။

          ပေါက်ကြားခဲ့သော ဒေတာများကို မည်သူရရှိထားသည်ကို စုံစမ်းစစ်ဆေးလျက်ရှိသလို ခိုးယူထားသော ဒေတာအချက်အလက်များကို ဥပဒေမဲ့ ဖြန့်ဝေမှုနှင့်ဆက်နွယ်သည့် ရှာဖွေဖမ်းဆီးမှုများကိုလည်း စုံထောက်များက ဆောင်ရွက်နေပါကြောင်း ...

         

“Bill Toulas” ၏ “Northern Ireland police faces £750k fine after exposing staff info” ကို မြတ်သဇင်မွန် ဘာသာပြန်ဆိုသည်။

standard