Skip to main content

Official website of the Myanmar Cyber Emergency Response Team

၁။       အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံနှင့်  အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်သည့် “2nd ASEAN Cyber Shield Hacking Contest” အား ​ ASEAN Cyber Shield Hacking Contest Organizing Committee မှ ကြီးမှူး၍ ဗီယက်နမ်နိုင်ငံ၊ ဟာလောင်းမြို့တွင် ၁၉-၁၁-၂၀၂၄ ရက်နေ့မှ ၂၂-၁၁-၂၀၂၄ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင်များအား စေလွှတ်ယှဉ်ပြိုင်နိုင်ရန် ACS ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဖိတ်ကြားလာပါသည်။

၂။       အာဆီယံနိုင်ငံများတွင် ရင်ဆိုင်နေရသော ဆိုက်ဘာခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များအား ပြုစုပျိုးထောင်နိုင်စေရန်နှင့် ဒေသတွင်းပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ပြိုင်ပွဲဝင်များ၏ အရည်အချင်းများကို တိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပါသည်။

၃။       ပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  တက္ကသိုလ်အဆင့် ၂ သင်းစီ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  အသင်းတစ်သင်းတွင် ပြိုင်ပွဲဝင် ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်အားလုံးသည် အာဆီယံအဖွဲ့ဝင် နိုင်ငံသားများဖြစ်ရန်နှင့် အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များတွင် လက်ရှိတက်ရောက်နေသူဖြစ်ရန် လိုအပ်ပါသည်။ ပြိုင်ပွဲကျင်းပစဉ် ပြိုင်ပွဲဝင်များ၏ အသွားအပြန် လေယာဉ်ခနှင့် ဟိုတယ်တည်းခိုခအား ACS ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကျခံသွားမည် ဖြစ်ပါသည်။

၄။       ပြိုင်ပွဲဝင်များအနေဖြင့် Network Security ၊ System Security ၊ Web Application Security ၊ Forensics ၊ Cryptography ၊ Reversing ၊ Vulnerability Analysis နှင့် Penetration Testing စသည့် နည်းပညာရပ်တစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ် ရှိထားရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့် အောက်ပါလျှောက်လွှာပုံစံတွင် အချက်အလက်များကို ဩဂုတ်လ(၁၁) ရက်နေ့ နောက်ဆုံးထား၍ ဖြည့်သွင်းလျှောက်ထားရမည် ဖြစ်ပါသည် -

အသင်းခေါင်းဆောင်အတွက် လျှောက်လွှာပုံစံ။      

https://forms.gle/hSddD8zjtKHiqTz8A

အဖွဲ့ဝင်များအတွက် လျှောက်လွှာပုံစံ။

https://forms.gle/2Zb3bj1zYx6t2UyX9

၅။       သို့ဖြစ်ပါ၍ “ASEAN Cyber Shield Hacking Contest” ၏ တက္ကသိုလ်အဆင့်ပြိုင်ပွဲသို့ တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်းနှင့် ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Attachment ဖိုင်တွင် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။