Skip to main content

Official website of the Myanmar Cyber Emergency Response Team

 

၁။      Info Stealer အဖျက်အမှောင့် ပရိုဂရမ်များက ကွန်ပျူတာထဲတွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များကို ခိုးယူခြင်း၊ အီးမေးလ်များနှင့် စကားဝှက်များကို ခိုးယူခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး အဆိုပါခိုးယူခဲ့သော အချက်အလက်များအနက်မှ စကားဝှက် ၉.၉ ဘီလီယံခန့်ကို Hacking ဖိုရမ်တစ်ခုတွင် မျှဝေခဲ့ကြောင်း တွေ့ရှိရပါသည်။ မသမာသူများသည် ပေါက်ကြားခဲ့ဖူးသော အီးမေးလ်အကောင့်များနှင့် စကားဝှက်များကို အသုံးပြု၍ အဖျက်အမှောင့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။

၂။       သို့ဖြစ်ပါ၍ မိမိတို့၏ စကားဝှက်များ ပေါက်ကြားမှု ရှိ၊ မရှိကို https://cybernews.com/password-leak-check/ တွင် စစ်ဆေးနိုင်ပါကြောင်းနှင့် ပေါက်ကြားမှုဖြစ်ပေါ်ပါက အဆိုပါ စကားဝှက်ကို အမြန်ဆုံးပြောင်းလဲရန် အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့