Skip to main content

Official website of the Myanmar Cyber Emergency Response Team

၁။       ကိုရီးယားသမ္မတနိုင်ငံနှင့်  အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်ခုဖြစ်သည့် “The 4th ASEAN Cyber Shield Online Education Program” ကို ၂၁-၇-၂၀၂၅ ရက်နေ့မှ ၂၀-၁၂-၂၀၂၅ ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများမှ လျှောက်ထားနိုင်ပါသည်။

၂။       အဆိုပါသင်တန်းသို့ အာဆီယံနိုင်ငံတစ်နိုင်ငံလျှင် ကျောင်းသား/ကျောင်းသူ ၁၀ ဦးစီ တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်သူများအနေဖြင့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြုလုပ်မည့် Bootcamp သို့ ဆက်လက်တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ တက်ရောက်လိုသူများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံသားများ ဖြစ်ရန်၊ ဆိုက်ဘာလုံခြုံရေး၊ ကွန်ပျူတာအင်ဂျင်နီယာ သို့မဟုတ် ၎င်းနှင့် ဆက်စပ်ဘာသာရပ်များကို တက္ကသိုလ်တွင် လက်ရှိသင်ကြားလျက်ရှိသူများ ဖြစ်ရန်နှင့် Network Security, System Security, Web Application Security, Forensics, Cryptography, Reversing, Vulnerability Analysis, Penetration Testing စသည့် နယ်ပယ်တစ်ခုခုနှင့် ရင်းနှီးမှုရှိသူများ ဖြစ်ရန် လိုအပ်ပါသည်။

၃။       တက်ရောက်လိုသူများအနေဖြင့်  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ အချက်အလက်များကို https://forms.gle/LzUfzWRe4xs2KfWP6 Link ရှိ ပုံစံတွင် ဖြည့်သွင်းကာ လျှောက်ထားရမည် ဖြစ်ပါသည်။ လျှောက်ထားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဆိုက်ဘာလုံခြုံရေးအား လေ့လာခဲ့မှုသမိုင်းကြောင်း၊ ACS EDU သို့ လျှောက်ထားရခြင်း အကြောင်းရင်း၊ ACS EDU မှ ရရှိလာမည့် အကျိုးကျေးဇူးများကို စာမျက်နှာ နှစ်မျက်နှာခန့် ရေးသားကာ ပေးပို့လျှောက်ထားကြရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို Attachment ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။