Skip to main content

Official website of the Myanmar Cyber Emergency Response Team

         ထိုင်းနိုင်ငံ၊ အမျိုးသားဆိုက်ဘာလုံခြုံရေးအေဂျင်စီ(NCSA)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းအကောင်အထည် ဖော်ထားသည့် အာဆီယံ-ဂျပန်ဆိုက်ဘာလုံခြုံရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးစင်တာ (AJCCBC) အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ လူငယ်များ၏ ဆိုက်ဘာလုံခြုံရေးအရည်အချင်းကို မြှင့်တင်‌နိုင်ရန် ရည်ရွယ်၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Capture-the-Flag (CTF) Virtual Training အွန်လိုင်းသင်တန်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

          အဆိုပါအွန်လိုင်းသင်တန်းကို ၁-၁-၁၉၉၉ နောက်ပိုင်းမွေးဖွားသူ သို့မဟုတ် အသက် ၂၇ နှစ် မကျော်လွန်သူ ကျောင်းသား/ကျောင်းသူနှင့် ဆိုက်ဘာလုံခြုံရေးကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုတုံ့ပြန်ဆောင်ရွက်သည့် နည်းပညာအခြေခံကို သိရှိရမည်ဖြစ်သည်။ သင်တန်းတက်ရောက်ရန် PC သို့မဟုတ် Laptop ရှိကာ Microsoft Team သို့မဟုတ် Zoom ကို ထည့်သွင်းထားရမည် ဖြစ်သည်။

         အဆိုပါအွန်လိုင်းသင်တန်းကို ၂-၇-၂၀၂၅ ရက်နေ့ ထိုင်းနိုင်ငံစံတော်ချိန်နံနက် ၉ နာရီမှ ၁၁ နာရီတွင်လည်းကောင်း၊ ညနေ ၂ နာရီမှ ၄နာရီတွင်လည်းကောင်း နှစ်ကြိမ် ပို့ချသွားမည် ဖြစ်ပါသည်။ သင်တန်းပို့ချချက်အပြင် CTF (Jeopardy) မေးခွန်းများဖြင့် လက်တွေ့  လေ့ကျင့် ခန်းများ ပြုလုပ်သွားမည်ဖြစ်သည်။ တက် ရောက်သူများအနေဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပမည့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ (ICC) ၂၀၂၅ ကဲ့သို့သော နိုင်ငံတကာ CTF ပြိုင်ပွဲသို့ အာဆီယံအသင်းအနေဖြင့်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရနိုင်သည့် ဆိုက်ဘာလုံခြုံရေးအရည်အချင်းများနှင့် CTF အသိပညာများကို မြှင့်တင်သွားနိုင်မည့် အခွင့်အရေးများ ဖြစ်သည်။ CTF အွန်လိုင်းသင်တန်းသို့ တစ်ဦးချင်း ပါဝင်တက်ရောက်နိုင်ရန်အတွက် ၂၅-၆-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ https://dg.th/402pybteza တွင် အချိန်မီ Registration ပြုလုပ်ရမည် ဖြစ်ပါသည်။

Download CTF General Information