Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by webadmin on

      မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ Myanmar Cyber Security Challenge ပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ လျက်ရှိပါသည်။ ယခုနှစ်အတွက် Myanmar Cyber Security Challenge 2026 ပြိုင်ပွဲကို ၂၂-၈-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂ ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

          ပြိုင်ပွဲတွင် အသင်းပေါင်း ၂၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၂၅ သင်းကျော်လွန်ပါက ပြိုင်ပွဲကျင်းပရေးကော်မတီမှ ပြန်လည်စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ထားသည့် ၂၅ သင်းသာ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် Web Security ၊ Reverse Engineering၊ Binary Exploit၊ Forensics နှင့် Cryptography ဆိုင်ရာ ပုစ္ဆာများကို ဖြေဆိုရမည်ဖြစ်ပါသည်။

           ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၄-၇-၂၀၂၆ ရက်နေ့ ၁၆:၀၀ နာရီထက် နောက်မကျစေဘဲ mcsc@mmcert.org.mm သို့ အီးမေးလ်ပေးပို့ရမည်ဖြစ်ပြီး https://forms.gle/ynpAH1BXkXBB58Vo7 တွင်လည်း Registration ပြုလုပ်ရမည် ဖြစ်ပါသည်။ ထို့ပြင် ပြိုင်ပွဲဝင် လျှောက်လွှာရောက်ရှိမှု အခြေအနေအား ဖုန်းနံပါတ် ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ် အတည်ပြုရပါမည်။ ပြိုင်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက အဆိုပါ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။­­

Download ပြိုင်ပွဲဆိုင်ရာအချက်အလက်များ

Download ပြိုင်ပွဲဝင်လျှောက်လွှာပုံစံ

standard