Skip to main content

Official website of the Myanmar Cyber Emergency Response Team

အန္တရာယ်ဖြစ်စေနိုင်သည့် အီးမေးလ်ဆိုသည်မှာ မိမိမသိရှိသောသူထံမှ ပေးပို့သောအီးမေးလ်များ၊ မိမိ၏မိတ်ဆွေအယောင်ဆောင်၍ ပေးပို့သော အီးမေးလ်များ၊ မည်သည့်အကြောင်းကြောင့် မေးလ်အား လက်ခံရရှိသည်ကို မခွဲခြားနိုင်သော အီးမေးလ်များဖြစ်ပြီး အဆိုပါအီးမေးလ်များတွင် အဖျက် အမှောက် Link များ၊ ချုံ့ထားသော Zip ဖိုင်များနှင့် အဖျက်အမှောက်ကုဒ်များပါသော Microsoft Office ဖိုင်များ (Word ဖိုင်နှင့် Excel ဖိုင်များ) ပါဝင်တတ်ပါသည်။