Skip to main content

Official website of the Myanmar Cyber Emergency Response Team

သတိပြုရန်။

Verizon ၏ အချက်အလက်ပေါက်ကြားမှု စုံစမ်းစစ်ဆေးချက် အစီရင်ခံစာအရ -

(၁) ၆၁% သော အချက်အလက်ပေါက်ကြားမှုများ၏ သားကောင်များမှာ အလုပ်သမား (၁၀၀၀)အောက်ရှိသော စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပါသည်။

(၂) ၆၆% သော Malware များသည် အဖျက်အမှောင့်ပါသော အီးမေးလ် Attachment များမှတဆင့် install ပြုလုပ်ကြခြင်းဖြစ်ပါသည်။

(၃) ၇.၃% သော ကွန်ပျူတာအသုံးပြုသူများအား (တိုက်ခိုက်သူများမှ) အောင်မြင်စွာ Phishing လုပ်၍ လှည့်စားနိုင်ခဲ့ကြပါသည်။

(၄) ၆၀% သော အတွင်းလူ၏ အချက်အလက် ခိုးယူသောကိစ္စရပ်များတွင် အချက်အလက်များအား ငွေအဖြစ် ပြောင်းလဲလိုသော မျှော်လင့်ချက်ဖြင့် ခိုးယူကြခြင်း ဖြစ်ပါသည်။

(၅) ၇၆% သော မတော်တဆ အချက်အလက် ဆုံးရှုံးမှုတွင် အသုံးပြုသူဖောက်သည်က ပေါက်ကြားသောကုမ္ပဏီအား အကြောင်းကြားကြပါသည်။

(၆) ၈၀% သော Hacking နှင့်ဆက်နွယ်သည့် ပေါက်ကြားမှုများသည် အားနည်းသော (သို့မဟုတ်) အခိုးခံရသော Password များ၏ အကူအညီကြောင့် ဖြစ်ကြပါသည်။