Microsoft ကနေပြီးတော့ Windows 7 ထက်ပို၍ update ဖြစ်သော Windows 8 developer review version ကို 2011 Customer Electronic show တွင်ပထမဦးဆုံးပွဲထုတ်ခဲ့ပါတယ်။ နောက်ဆုံး version ဖြစ်တဲ့ Windows 8 Consumer Preview ကို microsoft က 29 February 2012 နေ့တွင်မိတ်ဆက်ပြသခဲ့ပါတယ်။ Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့်လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။ Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ့ဖြင့်လည်း ထွက် ရှိခဲ့ပါတယ်။
Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ့ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ ဖြစ်ကြပါတယ်။
Metro User Interface
Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ့ မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။ Windows ကို logon ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ့မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface)ဖြင့်ဖွဲ့စည်းထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကိုအသုံးပြုရာတွင် ရိုးရိုးရှင်းရှင်းနဲ့ လျင်လျင်မြန်မြန် အသုံးပြု နိုင်စေရန်ပင်ဖြစ်ပါသည်။
Windows 8 ၏ Task Manager အကြောင်း
Windows 8 ရဲ့ Task Manager ကိုတော့ အရင်ထွက်ရှိခဲ့တဲ့ windows တွေရဲ့ Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Managerကိုဖော်ပြထားပါသည်။
Windows 8 ၏ Cloud စနစ်အကြောင်း
Windows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ ထိုကဲ့သို့ပါဝင်မှုဟာ Microsoft ရဲ့ SkyDrive cloud storage ကrunning Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန်နဲ့ သင့်ရဲ့ personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
Windows 8 ၏ power usage အကြောင်း
Windows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများထက်လျော့နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ်လည်း အသုံးပြုနိုင်ပါသည်။
Windows 8 may be 128 bit
Windows 8 က 128 bit processor တွေကို ထောက်ပံ့ပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။
http://www.forumswindows8.com/windows-8-download/
Windows 8 ၏ မြန်မာစနစ်အကြောင်း
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင်ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေးအဖွဲ့(Myanmar NLP Lab) မှ ၂ဝ၁၁ စက်တင်ဘာလ ၂ဝ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။ Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Myanmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။
Internet Explorer 10
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံ့ပေးနိုင်ပါသည်။
Virtualization
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည့်သွင်းပေးထားပါသည်။ Hyper-V ကို default အနေနဲ့ဖြင့်တော့ တွေ့ရမည် မဟုတ်ပါ။ ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည်ဖြစ်ပါသည်။Install လုပ်ရန်မှာ-Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။
Windows 8 Hyper-v အနိမ့်ဆုံး system လိုအပ်ချက်တွေကတော့
• 64-bit version of Windows 8
• 64-bit processor နှင့်
• 4 GB of RAM တို့ဖြစ်ပါသည်။
အထက်တွင် Microsoft ၏ Window 8 အကြောင်းသိကောင်းစရာကို ဖော်ပြထားပြီး ဖြစ်ပါသည်။ ဆက်လက်၍ ဖော်ပြသွားမည် ဖြစ်ပါသည်။
