Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း တတိယအကြိမ်မြောက် Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန/ဗဟိုအစိုးရ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက ယနေ့ခေတ်တွင် အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အဦများကို ပစ်မှတ်ထားသော ဆိုက်ဘာတိုက်ခိုက်မှု များသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း၊ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်လာလျှင် အချိန်တိုအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Tool များ အသုံးပြုပြီး တိုက်ခိုက်မှုများကို လက်တွေ့ဖြေရှင်း ဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ ပိုမိုတိုးမြင့်၍ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကိုပါ ကာကွယ်လျှော့ချနိုင်မည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          Incident Handling – Intrusion Detection သင်တန်းကာလမှာ ၂၁-၁၁-၂၀၂၂ ရက်နေ့မှ ၂၅-၁၁-၂၀၂၂ ရက်နေ့အထိဖြစ်ပြီး e-Learning Center I စာသင်ခန်းမတွင် ပို့ချမည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

gallery