Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ "Incident Handling and CSIRT Management" သင်တန်းအား နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ယနေ့ဖွင့်လှစ်ခဲ့ပါသည်။

1

          အဆိုပါသင်တန်းကို (၂-၁၂-၂၀၁၉)ရက်နေ့မှ (၆-၁၂-၂၀၁၉)ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်၊ ဦးစီးအရာရှိ ဒေါ်လဝန်းရည်နှင့် ဒေါ်ရွှေဝတ်ရည်တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

          သင်တန်းတွင် Module (၅)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) - Advanced Persistent Threats၊ Module (2) - Incident Handling Process၊ Module (3) - Tools Explanation၊ Module 4 - Hands-on Exercise နှင့် Module (5) - CSIRT Management တို့ဖြစ်ကြပါသည်။

          အဆိုပါသင်တန်းကို နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၃၂)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

standard