Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်)ပြိုင်ပွဲကို (၁၁-၈-၂၀၁၉)ရက်နေ့၊ ယနေ့တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်၌ ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက အမှာစကားပြောကြားခဲ့ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြိုင်ပွဲစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ပြိုင်ပွဲကို နံနက် ၉နာရီခွဲမှ ညနေ ၄နာရီထိ အသင်းပေါင်း (၁၈)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို 0xPwn အသင်းမှလည်းကောင်း၊ ဒုတိယဆုကို Mdy_L33ts မှလည်းကောင်း၊ တတိယဆုကို Team Hydra မှလည်းကောင်း ရရှိခဲ့ကြပြီး ဆုများကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးမှ ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

gallery