Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

နေပြည်တော်၊ အောက်တိုဘာ ၂၅

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ သုတနည်းပညာအင်ဂျင်နီယာဌာနမှ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး၊ တတိယနှစ်မှ ကျောင်းသား၊ ကျောင်းသူ (၄၁)ဦးတို့သည် လက်တွေ့ကွင်းဆင်းလေ့လာရန် (၂၄-၁၀-၂၀၁၉)ရက်နေ့တွင် ရောက်ရှိလာကြရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          (၂၄-၁၀-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် e-Government ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက "e-Government System and Data Center" ခေါင်းစဉ်အား လည်းကောင်း၊ အငယ်တန်းအင်ဂျင်နီယာ-၁ ဒေါ်ခင်သန္တာဆင့်က "Electronic Document Management System (EDMS)" ခေါင်းစဉ်အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

          (၂၄-၁၀-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက "Cyber Security Status of Myanmar" ခေါင်းစဉ်အား လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးမြတ်သန္တာက "A Closer Look at Ransomware" ခေါင်းစဉ်အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

          (၂၅-၁၀-၂၀၁၉)ရက်နေ့တွင် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဦးစီးအရာရှိ ဦးပြည့်စုံလှိုင်က "Introduction to Social Engineering" ခေါင်းစဉ်အားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်လဝန်းရည်က "Introduction to IDS and IPS" ခေါင်းစဉ်အားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က "Basic Malware Analysis (Static and Dynamic" ခေါင်းစဉ်အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

gallery