Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ဆိုက်ဘာလုံခြုံရေးဆိုင်ရာအသိပညာများ ဝေမျှရန်နှင့် ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌လည်းကောင်း၊ (၃၁-၇-၂၀၁၉)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင်လည်းကောင်း၊ (၁-၈-၂၀၁၉)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)နှင့် နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင်လည်းကောင်း ရှင်းလင်းပြောကြားခဲ့ရာ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက "Cyber Security Status of Myanmar" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က "Myanmar Cyber Security Challenge" ပြိုင်ပွဲအကြောင်းအားလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

          လက်ထောက်ညွှန်ကြားရေးမှူး ဦရန်နောင်စိုးက မြန်မာနိုင်ငံ၏ဆိုက်ဘာလုံခြုံရေးအခြေအနေ၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအကြောင်း၊ ဆိုက်ဘာလုံခြုံရေးအင်ဂျင်နီယာဖြစ်ရန် ကျောင်းသားများ လေ့လာသင်ယူထားသင့်သော ဘာသာရပ်များ၊ မြန်မာနိုင်ငံ၏ဆိုက်ဘာလုံခြုံရေး ကောင်းမွန်ရန် ဝန်ကြီးဌာနများနှင့် တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပုံ၊ အိုင်တီကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုကွန်ရက်နှင့် ကျင့်ဝတ်များ၊ သတင်းရင်းမြစ်များအား ခိုင်မာမှု မရှိ စိစစ်ခြင်း၊ ကောလာဟလနှင့် အမုန်းစကားများနှင့် လူမှုကွန်ရက်ဂယက်များအကြောင်းတို့အား ရှင်းလင်း ဟောပြောခဲ့ပါသည်။

          လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က Myanmar Cyber Security Challenge ပြိုင်ပွဲဖြစ်ပေါ်လာပုံနှင့် နှစ်စဉ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပုံများ၊ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ စေလွှတ်ယှဉ်ပြိုင်ခဲ့ပုံများ၊ ပြိုင်ပွဲတွင်မေးမြန်းမည့် Web Security၊ Reverse Engineering၊ Cryptography၊ Forensics နှင့် Binary Exploit ကဏ္ဍများအလိုက် ကြိုတင်လေ့လာထားရမည့် အကြောင်းအရာများအား ရှင်းလင်းဟောပြောခဲ့ပြီး "STOP Ransomware နှင့် Reverse Engineering"၊ "Eternal Blue နှင့် Binary Exploit"၊ "Network Forensics နှင့် Memory Forensics" တို့အား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

1

2

3

 

standard