Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး(နေပြည်တော်)၌ နည်းပညာဆိုင်ရာ အထောက်အကူပြုသင်တန်းအမှတ်စဉ်(၁)အား ၁၄-၁၁-၂၀၂၂ရက်နေ့(ယနေ့)တွင် ဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ “ဆိုက်ဘာလုံခြုံရေး” ဘာသာရပ်အား နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။

          သင်တန်းတွင် ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုအဓိပ္ပာယ်၊ Endpoint များအား လုံခြုံရေးအားနည်းချက်ဖြစ်စေသော အကြောင်းရင်းများ၊ Endpoint များကို ပစ်မှတ်ထား တိုက်ခိုက်သော ဆိုက်ဘာတိုက်ခိုက်မှုနည်းလမ်းများ၊ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော STOP Ransomware တိုက်ခိုက်ခံရမှုများ၊ Emotet Trojan တိုက်ခိုက်ခံရမှုများနှင့် PlugX Remote Access Trojan တိုက်ခိုက်ခံရမှုများ၊ Malware များနှင့်ပတ်သက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ အရေးယူဆောင်ရွက်မှုများ၊ ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်စနစ်များကို ကျော်လွှားရန် ဟက်ကာများ အသုံးပြုသည့် နည်းလမ်းများ၊ Endpoint များအား လုံခြုံမှုရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ Endpoint များနှင့် VPN အသုံးပြုခြင်း အန္တရာယ်များ၊ Endpoint လုံခြုံရေးဆော့ဖ်ဝဲလ်များ၏ အားသာချက်များနှင့် အားနည်းချက်များ အကြောင်းတို့ကို ရှင်းလင်းပို့ချမည်ဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်ခံရမှုများ ဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Tool များသုံး၍ ဖြေရှင်းတုံ့ပြန်ခြင်းများကိုပါ လက်တွေ့သရုပ်ပြ၍ လေ့ကျင့်စေမည်ဖြစ်ကြောင်း သိရှိရပြီး ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အရာထမ်း၊ အမှုထမ်း ၃၀ ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

gallery