Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ထိုင်းနိုင်ငံ National Cyber Security Agency of Thailand (NCSA) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်မှုအရ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “Cyber SEA Game 2023” ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

          မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် မောင်ဇေယျာထက်၊ မောင်ကောင်းမင်းမြတ်၊ မောင်အောင်စိုးပိုင်နှင့် မောင်မင်းစစ်ပိုင်မှူးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။

          Cyber SEA Game ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အသင်းအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အဆင့် (၈)နှင့် အဆင့် (၁၂)၊ ၂၀၁၇ ခုနှစ်တွင် အဆင့် (၆)၊ ၂၀၁၈ ခုနှစ်တွင် အဆင့် (၆)၊ ၂၀၁၉ ခုနှစ်တွင် အဆင့် (၅)၊ ၂၀၂၀ ပြည့်နှစ်တွင် အဆင့်(၆)၊ ၂၀၂၁ ခုနှစ်တွင် အဆင့် (၇)နှင့် ၂၀၂၂ ခုနှစ်တွင် အဆင့်(၈) အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။

standard