Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပလျက်ရှိသော “ASEAN Cyber Sheild Hacking Contest” ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲ ယှဉ်ပြိုင်မှုအပြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများအနေဖြင့် အလွတ်တန်းအဆင့်ပြိုင်ပွဲ၌ အဆင့်(၈)နှင့် အဆင့်(၁၇)ကိုလည်းကောင်း၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲ၌ အဆင့်(၉)နှင့် အဆင့်(၁၂)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြကြောင်း သိရှိရသည်။

          အလွတ်တန်းအဆင့်ပြိုင်ပွဲတွင် UIT.purf3ct (ဗီယက်နမ်)က ၁၅၅၉၈ မှတ်ဖြင့် အဆင့်(၁)ကိုလည်းကောင်း၊ ISITDTU (ဗီယက်နမ်)က ၁၃၆၁၁ မှတ်ဖြင့် အဆင့်(၂)ကိုလည်းကောင်း၊ Kopi Goo (မလေးရှား)က ၁၁၆၁၈ မှတ်ဖြင့် အဆင့်(၃)ကိုလည်းကောင်း၊ C0NJUR3R5​ (မြန်မာ)က ၄၂၀၅ မှတ်ဖြင့် အဆင့်(၈)ကိုလည်းကောင်း၊ ASE (မြန်မာ)က ၈၆၉ မှတ်ဖြင့် အဆင့်(၁၇)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

          တက္ကသိုလ်အဆင့်ပြိုင်ပွဲတွင် KMA.L3N0V0 (ဗီယက်နမ်)က ၁၃၁၀၄ မှတ်ဖြင့် အဆင့်(၁)ကိုလည်းကောင်း၊ SecGang (ဗီယက်နမ်)က ၁၁၁၄၄ မှတ်ဖြင့် အဆင့်(၂)ကိုလည်းကောင်း၊ Team Cincai (ဗီယက်နမ်)က ၈၁၃၈ မှတ်ဖြင့် အဆင့်(၃)ကိုလည်းကောင်း၊ U_SH3LL (မြန်မာ)က ၂၇၇၃ မှတ်ဖြင့် အဆင့်(၉)ကိုလည်းကောင်း၊ mm_cyb3r_s4g3 (မြန်မာ)က ၁၈၀၁ မှတ်ဖြင့် အဆင့်(၁၂)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

          လက်ရည်စစ်ပွဲတွင် အမှတ်အများဆုံး ရရှိသွားကြသော အလွတ်တန်းအဆင့် ၅ သင်းနှင့် တက္ကသိုလ်အဆင့် ၅  သင်းတို့သည် နောက်ဆုံးအဆင့် (Attack & Defense) ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

gallery