Skip to main content

Official website of the Myanmar Cyber Emergency Response Team

၁။ ဟက်ကာများသည် ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်သည့်စနစ်များက အဖျက်အမှောက်ဆော့ဖ်ဝဲလ်များ (Malware)ကို စုံစမ်းသိရှိခြင်းမှ ရှောင်ရှားရန်အတွက် အီးမေးလ်များတွင် Malware များကို Attachment အနေဖြင့် တွဲ၍ ပေးပို့ခြင်း မပြုကြဘဲ Google Drive/DropBox တို့တွင် Malware များကို Zip ဖိုင်အနေဖြင့်တင်၍ တင်ထားသော Link အား ပေးပို့ကြပါသည်။

၂။ Google Drive Link ဖြင့်လာသော Zip ဖိုင်များတွင် .exe နှင့် .dll ဖိုင်တို့ပါရှိပါက အဆိုပါဖိုင်များသည် Malware များဖြစ်နိုင်သည်ဟု သံသယရှိပါက ထိုဖိုင်များအား www.virustotal.com တွင် သွားရောက်၍ စစ်ဆေးနိုင်ပါသည်။ Malware ဖြစ်ကြောင်း သေချာပါက Malware အမျိုးအစားနှင့် Malware နှင့်ပတ်သက်သောအချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်း၍ အောက်ပါ Link တွင် ဖြည့်စွက်၍ Google ထံသို့ သတင်းပို့အကြောင်းကြား နိုင်ပါသည်။

https://safebrowsing.google.com/safebrowsing/report_badware/