- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် တတိယအကြိမ်မြောက် Incident Handling - Intrusion Detection သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နေ့လယ်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်း အထောက်အကူပြု ဌာနတာဝန်ခံများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ ဗဟိုအစိုးရ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင် ပထမဆုရရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒေါ်စန်းမေ၊ ဒုတိယဆုရရှိသော ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒေါ်အေးငြိမ်းသူ၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်လွှမ်းမိန့်ထက်နှင့် Team အလိုက် အကောင်းဆုံးရရှိသော "Lazarus" Team တို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
standard
