- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ "Incident Handling and CSIRT Management" သင်တန်းအား ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၌ ယနေ့ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၆-၉-၂၀၁၉)ရက်နေ့မှ (၂၂-၉-၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်၊ ဦးစီးအရာရှိ ဒေါ်ခင်မဉ္ဇူနှင့် ဒေါ်ရည်မွန်ကျော်တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
သင်တန်းတွင် Module (၆)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) - Advanced Persistent Threats၊ Module (2) - Incident Handling Process၊ Module (3) - Tools Explanation၊ Module 4 - Hands-on Exercise၊ Module (5) - Combat Evolving Cyber Threats with Good Cyber Hygiene နှင့် Module (6) - CSIRT Management တို့ဖြစ်ကြပါသည်။
အဆိုပါသင်တန်းကို ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)နှင့် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တို့မှ ဆရာ/ဆရာမ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
gallery
