အဓိကအကြောင်းအရာသို့ သွားမည်

မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (mmCERT) ၏ တရားဝင် Website

Submitted by myomyinthtike on

          ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ လက်ခံကျင်းပမည့် “ASEAN Capture The Flag (CTF) Event” တွင် ပါဝင်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားကြပါသည်။

          ASEAN Capture The Flag (CTF) Event အား ဩစတြေးလျနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ဩစတြေးလျနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ် ဖြေရှင်းဆောင်ရွက်သူများအကြား ဆက်သွယ်ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်စွမ်းနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တုံ့ပြန်မှုစွမ်းရည်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ Event တွင် Malware Analysis၊ Digital Forensics နှင့်သက်ဆိုင်သော ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များကို ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

          မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် အသင်းအုပ်ချုပ်သူအဖြစ် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နောင်စိုး ကလည်းကောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ် ဖြေရှင်းဆောင်ရွက်သူများအဖြစ် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်နှင့် ဦးသင်းဗရှိန်း တို့ကလည်းကောင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

standard