- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
၁။ မသမာသူများသည် သတင်းအချက်အလက် ခိုးယူရန် ရည်ရွယ်၍ cdm.mofa.diplomat@gmail.com အီးမေးလ်အကောင့်မှတစ်ဆင့် Gmail အသုံးပြုသူများအား ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် အဖျက်အမှောက်ထရိုဂျန် (Win32:Agent-BDFA) ပါသော Google Drive Link များကို ဖြန့်ချိလျက်ရှိပါသည်။
၂။ Google Drive တွင်ပါရှိသော Zip ဖိုင်ကို ဖွင့်ကြည့်ပါက ဖတ်ရှုသူများအား ဆွဲဆောင်သော Microsoft Word ဖိုင်များ၊ ဓာတ်ပုံဖိုင်များနှင့် PDF ဖိုင်များကို တွေ့ရှိရမည်ဖြစ်ပြီး အဆိုပါ ဖိုင်များနှင့်အတူ PDF ဖိုင်ဟန်ဆောင်ထားသော U.S. Secretary of State Blinken's call transcript.exe ဖိုင်နှင့် အဖျက်အမှောက်ကုဒ်များပါသော SolidPDFCreator.dll ဖိုင်တို့ပါရှိမည် ဖြစ်ပါသည်။
ပုံ - Zip ဖိုင်ထဲတွင်ထည့်သွင်းထားသော အဖျက်အမှောက်ထရိုဂျန်
၃။ Zip ဖိုင်များကို လက်ခံရရှိသူများသည် အဆိုပါအဖျက်အမှောက်ဖိုင်များကို ဖျက်ပစ်ရန်နှင့် မိမိတို့၏ Antivirus များကို နောက်ဆုံးအခြေအနေထိ Update ပြုလုပ်ထားရန် လိုအပ်ပါသည်။
၄။ အဆိုပါ အဖျက်အမှောက်ဖိုင်များကို ဖွင့်မိသူများသည် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဖုန်းနံပါတ်ဖြစ်သော ၀၆၇-၃၄၂၂၂၇၂ သို့ ဖုန်းဖြင့်ဖြစ်စေ၊ infoteam@mmcert.org.mm နှင့် incident@ncsc.gov.mm တို့သို့ မေးလ်ပို့၍ ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း သတိပေးကြေညာအပ်ပါသည်။
