- မူလနေရာ
-
ဌာနအကြောင်း
ဌာနအကြောင်း အတွက် မီနူးခွဲ⌄
-
ဝန်ဆောင်မှုများ
ဝန်ဆောင်မှုများ အတွက် မီနူးခွဲ⌄
-
သတင်းများ
သတင်းများ အတွက် မီနူးခွဲ⌄
- အစီအစဉ်များ
- ဆက်သွယ်ရန်
အာရှပစိဖိတ် ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (APCERT) က နှစ်စဉ်ကျင်းပ လျက်ရှိသည့် “APCERT CYBER DRILL” ကို ၂၉-၇-၂၀၂၅ ရက်နေ့တွင် “When Ransomware Meets Generative AI” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ရည်ရွယ်ချက်အနေဖြင့် အာရှပစိဖိတ် ဒေသတွင်းရှိ ကွန်ပျူတာလုံခြုံရေးတိုက်ခိုက်မှုဖြစ်စဉ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (CSIRT) များအကြား တုံ့ပြန်မှုစွမ်းရည်များ စမ်းသပ်လေ့ကျင့်ရန် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲ သည် ဆိုက်ဘာခြိမ်းခြောက်သူများ၏ အလွဲအသုံးပြုမှုများ အရှိန်မြင့်လျက်ရှိသည့် တိုးတက် လာသော နည်းပညာတစ်ခုဖြစ်သည့် Generative AI ကို အန္တရာယ်ဖြစ်ဖွယ်အသုံးပြုခြင်း ကြောင့် ပေါ်ပေါက်လာသော လက်တွေ့ကမ္ဘာရှိ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများကို ထင်ဟပ်စေပါသည်။
Generative AI က အန္တရာယ်ဖြစ်ဖွယ် Code ကို မရည်ရွယ်ဘဲ ထုတ်ပေးခဲ့ခြင်း၊ Open-source အားနည်းချက်များကို ထိုးဖောက်ဝင်ရောက်ခြင်းစသည့် Simulated Scenario များအပေါ် သက်ဆိုင်ရာပါဝင်လေ့ကျင့်သူများက ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်ခြင်း လုပ်ငန်းစဉ်များကို လေ့ကျင့်သုံးသပ်ခဲ့ကြပါသည်။
အသင်းဝင်များအား လုံခြုံစိတ်ချပြီး ထိန်းချုပ်မှုရှိသော ပတ်ဝန်းကျင်တွင် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်ကို လေ့ကျင့်ပေးရန် ရည်ရွယ်သည့် ယခု Drill သည် APCERT ၏ သဘောထားအမြင်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အာရှပစိဖိတ် ဒေသတွင်း လုံခြုံသန့်ရှင်းပြီး ယုံကြည်စိတ်ချရသော ဆိုက်ဘာနယ်ပယ်ဖြစ်ပေါ်ရေး”ကို ပံ့ပိုးပေးပါသည်။
မြန်မာနိုင်ငံက mmcert အပါအဝင် ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်းဒါရုဆလမ်၊ ဘူတန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်-တိုင်ပေ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံစသည်တို့မှ CSIRT အသင်း ၂၄ သင်းနှင့်အတူ ပြင်ပအဖွဲ့အစည်း ဖြစ်သည့် OIC CERT နှင့် အာဖရိက CERT များမှ ၃ သင်းတို့က ပါဝင် လေ့ကျင့်ခဲ့ပါသည်။ ပါဝင်လေ့ကျင့်သော အသင်းများအနေဖြင့် တိုးတက်လာသည့် Generative AI ၏ ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ပိုမို ခိုင်မာအားကောင်းစေရန် ပြန်လည်သုံးသပ်နိုင်မည့် အခွင့်အလမ်းရရှိသည့်အပြင် အလျင် အမြန် တိုးတက်လာသည့် နည်းပညာခေတ်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း သိရှိနိုင်သည် ဖြစ်ပါသည်။
